၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပဉ္စမနှစ်သင်တန်း ကင်းကွာခဲ့သည့် ကျောင်းသားများကို ပြင်ပဖြေ အဖြစ် ကျောင်းအပ်နှံလက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးခြင်း

ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပဉ္စမနှစ်သင်တန်း မှ အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပဉ္စမနှစ်သင်တန်းတွင် ပြင်ပဖြေ ကျောင်းသားအဖြစ် (၁)ကြိမ် လက်ခံဆောင်ရွက်မည်ဖြစ်ပါသည်။

လက်ခံဆောင်ရွက်မည့် နောက်ဆုံးရက်မှာ (၂၁-၃-၂၀၂၅) ရက်နေ့ဖြစ်ပြီး၊ စာမေးပွဲကျင်းပမည့်ရက်မှာ (၂၄-၃-၂၀၂၅) ရက်နေ့ မှ (၂၉-၃-၂၀၂၅) ရက်နေ့ထိ ဖြစ်ပါသည်။